တုံတာ ဧပြီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် (နဝမ)အကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၏ ပဋ္ဌာန်းသိမ်းအောင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် (၉) နာရီချိန်တွင် သဒ္ဓမ္ဓရံသီကျောင်းတိုက်၊ ပန်ခမ်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို (၂၃၊၄၊၂၀၂၃ မှ ၂၇၊၄၊၂၀၂၃) ရက်နေ့ ယနေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့နံနက်၉နာရီချိန်တွင် ပဌာန်းသိမ်းအောင်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရဟန်း(၄၀)ပါး ခန့်ပါဝင်ခဲ့ကြောင်း သိခဲ့ရသည်။
အဲန်းမေရီ