ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး လားရှိုးမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ

လားရှိုး ဧပြီ ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှု အဖွဲ့များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုး ရေးနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဟိုတယ်လုပ်ငန်း ရှင်များ အသင်းတို့မှ တာဝန်ရှိသူများ၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက လိုအပ်သည်များကိုတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ တက္ကသိုလ်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များအား ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက မြို့တော်ခန်းမရှေ့တွင် ခင်းကျင်းပြသထားသော MSME အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းပြခန်းများအား ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။  

ခရိုင် (ပြန်/ဆက်)