သီပေါမြို့နယ် ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယဉ်ကျေးလိမ္မာ သင်တန်းစာမေးပွဲ ဒုတိယနေ့ ဗုဒ္ဓဘာသာမြန်မာစာဘာသာရပ်ဆက်လက်ဖြေဆို

သီပေါ ဧပြီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်းတိမ်တောင်ရပ်ကွက်ရှိ ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယဉ်ကျေးလိမ္မာသင်တန်းရေးဖြေစာမေးပွဲ ဒုတိယနေ့ ဗုဒ္ဓဘာသာမြန်မာစာဘာသာရပ်အား ယနေ့နံနက် (၈) နာရီခွဲက ဆက်လက်စစ်ဆေးဖြေဆို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းထိုင်ဆရာတော်နှင့်ဆရာ၊ ဆရာမတို့က သင်ကြား ပြသပေးကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရားတော်ဆုံးမစာများ၊ ဘုရားစာ၊ ဘုရားရှိခိုး နည်းများကို နားလည်သိရှိသဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေးလာစေရန်ရည်ရွယ်၍ မတ်လ (၂၁)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီးရက်ပေါင်း (၃၅)ရက်ကြာ သင်ကြားပြ သဖွင့်လှစ်ဆောင်ရွက် ပေးတာဖြစ်ကြောင်း၊ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရှင်သာမဏေများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်လျက်ရှိကြောင်းနှင့် စာမေးပွဲကို ဧပြီလ (၂၆)ရက်နေ့က စတင်၍ စစ်ဆေးဖြေဆိုဆောင်ရွက်လျက်ရှိပြီး ရေးဖြေ၊ နုတ်ဖြေ(၃)ရက် စစ်ဆေးဖြေဆိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေဟော်ကျောင်းတိုက်ကျောင်းထိုင် ဆရာတော်ထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)