စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်း အခမဲ့ဖွင့်လှစ်

စဉ့်ကိုင် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်ပြီး ဝင်ငွေတိုးစေရန်ရည်ရွယ်၍ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်းမှာ အိမ်ရှင်မများ မိမိအိမ်မှာနေထိုင်ပြီး မိသားစုတပိုင်တနိုင်လုပ်ကိုင်နိုင်တဲ့ အိမ်တွင်းမှုလုပ်ငန်းဖြစ်ပြီး၊ အရင်းအနှီးနည်းနည်းဖြင့် အကျိုးအမြတ် ဖြစ်ထွန်းနိုင်ခြင်း၊ မိမိတို့နေအိမ်တွင် အသုံးပြုနိုင်သောဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ်  အသုံးပြုနိုင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ပြီး မိသားစု ဝင်ငွေတိုးစေရန်ရည်ရွယ်၍ အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး  ဒေါ်ခင်ဆန်းနည်းပြ (မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်)မှ ဆပ်ပြာဆီပြုလုပ်ပုံ  အဆင့်ဆင့်တွင်   ပါဝင်သောပစ္စည်းများဖြစ်သည့်  N70 ဂျယ် ၊ SLS အမြုပ်ကိုထွက်ပေါ်စေသောပစ္စည်း၊ Nacl ဆားပျစ်၊ အရောင် အစရှိသည်များကို     အချိုးအစားအလိုက်အသုံးပြုပြီး  အသင့်သုံး ဆပ်ပြာဆီပြုလုပ်ပုံများကို  သင်ကြားပို့ချပေးခဲ့သည်။

အဆိုပါ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ Woman Club အဖွဲ့ဝင်များနှင့်  မြို့ပေါ်ရပ်ကွက်များရှိ စိတ်ပါဝင်စားသူများက တက်ရောက်ခဲ့ကြပြီး ဆပ်ပြာဆီပြုလုပ်နည်းနှင့် ပါဝင်သောပစ္စည်းများကို အချိုးကျရောစပ်ကာ ကိုယ်တိုင်လက်တွေ့ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း