ကျောက်ပန်းတောင်း ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအောင်စာရင်းကို ယနေ့နံနက်(၆)နာရီမှစ၍ တစ်နိုင်ငံလုံး တစ်ပြိုင်နက် ထုတ်ပြန်ခဲ့ရာ၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင်လည်း အောင်စာရင်းများထုတ်ပြန်ထားရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများအပါအဝင် အခြေခံညာကျောင်းပေါင်း (၂၈၂)ကျောင်း ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ စာမေးပွဲများကျင်းပနိုင်ခဲ့ရာ အဆိုပါ (၂၈၂) ကျောင်းလုံးတွင် အောင်စာရင်းများ ကပ်ထားကြောင်းသိရသည်။ ထို့ပြင် Grade-5 နှင့် Grade-9 များအတွက် စာစစ်ဌာန (၉၇)ခု ဖွင့်လှစ်ဖြေဆိုစေခဲ့ရာ၊ ယနေ့တွင် တစ်ပြိုင်နက်တည်း အောင်စာများ ကြေညာပေးခဲ့ကြောင်းသိရပြီး၊ ကျောက်ပန်းတောင်းမြို့ပေါ်တွင် အမှတ်(၁)အ.ထ.က၊ အမှတ်(၂) အ.ထ.က၊ လေးရွာ အ.ထ.က နှင့် မြို့ရှေ့ အ.ထ.က တို့တွင် ကြော်ညာသင်ပုန်းများ၌ အောင်စာရင်များကပ်ထား၍ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ လာရောက်ကြည့်ရှု့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)