လမိုင်းမြို့ရှိ အသက်(၈ဝ)နှစ်နှင့် (၈၅)နှစ်အကြား သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ ငွေပေးအပ်

လမိုင်း အောက်တိုဘာ     ၄

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ မြို့မ(၁)ရပ်ကွက်အတွင်းရှိ အသက်(၈၀)နှစ်နှင့် (၈၅)နှစ် အကြား သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာ ရောက်လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် (ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ) အတွက် ဘိုးဘွား တစ်ဦးကို တစ်လလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀၀၀၀) ကို လမိုင်းမြို့ မြို့မ(၁) ရပ်ကွက် အတွင်းရှိ သက်ကြီးဘိုးဘွား(၃၉)ဦး အား မြို့မ(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်း​​အောင် နှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ကာ ဘိုးဘွားများ လက်ဝယ်ထံသို့ ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

တင်ဇာစိုး( ပြန်/ဆက်)