ကျောက်ဆည် ဧပြီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရေး နွေနှမ်း (၃၂၉၁၆)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ကတဲကျေးရွာတွင်စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကတဲကျေးရွာအုပ်စုသည် တမုတ်စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်ပါဝင်ပြီး နွေနှမ်း (၅၉)ဧက လျာထားစိုက်ပျိုးထားကြောင်းနှင့် လက်ပံပင်ကျေးရွာတွင်(၁၀၇)ဧက၊ မယ်ဇယ်ပင်ကျေးရွာ အုပ်စုတွင် (၁၁၃)ဧက၊ ပွတ္တိုင်ကျေးရွာအုပ်စုတွင် (၈၃၀)ဧက၊ မြောင်းဦးကျေးရွာအုပ်စုတွင် (၉၅)ဧက၊ ဇရပ်ဖြူကျေးရွာ အုပ်စုတွင်(၃၃၆)ဧက၊ သင်ပုတ်ကျေးရွာအုပ်စုတွင်(၈၅၂)ဧက၊ ညောင်ရွေကျေးရွာ အုပ်စုတွင်(၄၅၀)ဧက၊ အနောက်ရွာနန်းကျေးရွာတွင် (၃၁၅)ဧက၊ ငါးအိုးကျေးရွာတွင် (၂၆၉)ဧပြီ၊ ညောင်ဝန်းကျေးရွာတွင်(၄၆၈)ဧက၊ ကြောင်ပန်းကုံးကျေးရွာတွင်(၂၅၄)ဧက လျာထားစိုက်ပျိုး လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် နှမ်းစိုက်တောင်သူများအနေဖြင့် နှမ်းသီးနှံများစိုက်ပျိုးရာတွင် အောင်မြင် ဖြစ်ထွန်းရေး ဒေသနှင့် ကိုက်ညီသည့် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထား စိုက်ပျိုးကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ နွေးနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး နည်းပညာများ စနစ်တကျ ကူညီပေးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ နွေးနှမ်းသီးနှံများ အောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်