ပျဉ်းမနား ဧပြီ ၂၆
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ခုဖြစ်သည့် GIS နည်းပညာကိုအသုံးပြုပြီး သန်းခေါင်စာရင်း ယူနစ်များ (Gensus Units) နှင့် စာရင်းကောက်ကွက် မြေပုံများဖွဲ့စည်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရနေ့းမှူးရုံး၌ ဆောင်ရွက်ခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်ရုံးမှ ဒုတိယတိုင်းဦးစီးမှူး ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း၏ ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းတစ်ခုဖြစ်သည့် GIS နည်းပညာအသုံးပြု၍ဆောင်ရွက်ခြင်းဖြင့် စာရင်းကောက်ကွက်မြေပုံများ လွယ်ကူစွာဖွဲ့စည်းခြင်း၊ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် လူနေထိုင်သော အိမ်ထောင်စုများ ထပ်ခြင်း၊ ကျန်ခြင်းမရှိစေခြင်းနှင့် သန်းခေါင်စာရင်း အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ပျဉ်းမနားမြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်ထံမှ သိရသည်။
မျိုးသီဟ (ပြန်/ဆက်)