လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး ဧပြီ ၂၆

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန်နေ့ ည​နေပိုင်းက လူကုန်ကူးမှုအန္တရာယ်ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဝင့်ဝင့်အေးတို့က လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုအများဆုံးခံရနိုင်သည့် အုပ်စုအမျိုးအစားများ၊ လူကုန်ကူးမှုများအတွက် ချမှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးသည်။

လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေးအစီအစဉ်များအား Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့ကျင်းပသည့် Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် ထုတ်လွှင့်တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

ထိုက်ထိုက်(ပြန်/ဆက်)