ရန်ကုန် အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ Quarantine Center များတွင် ရောက်ရှိ နေသော ပြည်သူများအား စားရေးသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ Quarantine Center များအတွက် အအေးများနှင့် မုန့်များအား ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အင်းစိန် (GTI) ကန့် သတ် စောင့်ကြည့်စင်တာတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့သည်။
လာရောက်လှူဒါန်းရာတွင် We Love Yangonမှ (၁၂)လုံးပါ အအေး(၄၀၀)ကဒ်နှင့် Beyaond Group Co.Ltdမှ နို့မှုန့်ဖာ(၂၉)ဖာနှင့်မုန့်(၃၁)ဖာတို့ကို တာဝန်ရှိသူများက လာရောက်လှူဒါန်းရာ Super Sunday လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုသူရိန်ထွန်းက လက်ခံရယူခဲ့ပြီး ကျေးဇူတင်စကား ပြန်လည် ပြောကြားခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)