မန်ကန် အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင် မန်ကန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ယမန်နေ့ နံနက်(၁၀:၀၀) နာရီအချိန်က ကိုဗစ်ကာလအတွင်း အထောက်အကူ ဖြစ်စေ ရန်အတွက် မန်ကန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အဝတ်မက် (စ်)များ ထောက်ပံ့ပေး အပ်ခြင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုး များအား အသိပညာပေး လုပ်ငန်း များတွင် အသုံးပြုနိုင်ရန် အတွက် Hand Speaker နှင့် အပူချိန်တိုင်းကိရိယာများ ထောက်ပံ့ ပေး အပ်ခြင်းများ ဆောက်ရွက် ခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ ထောက်ပံ့ပေးအပ်ရာတွင် မန်ကန်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဉာဏ်စိုးက ဝန်ထမ်း တစ်ဦး လျှင် အဝတ်မက်(စ်) (၃)ခုပါ (၁)ထုပ်စီနှင့် မန်ကန်မြို့နယ်အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး များအား Hand Speaker နှင့် အပူချိန်တိုင်းကိရိယာ(၁)ခုစီ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)