သံဖြူဇရပ် အောက်တိုဘာ ၄
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ (၁၄)ရက်တာ နောက်ဆုံးအကြိမ်ကပ်ထားကြေညာထားမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာဝေအောင်နှင့် အဖွဲ့ဝင်များမှယနေ့တွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မဲဆန္ဒရှင်ပြည်သူများလာရောက် ကြည့်ရှုမှုအခြေအနေ၊ မဲဆန္ဒရှင်စာရင်းနှင့် စပ်လျဉ်းသည့် တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများရှိပါက အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
သံဖြူဇရပ်မြို့နယ်တွင် ယခုနောက်ဆုံးအကြိမ် ကပ်ထားကြေညာထားသော မဲဆန္ဒရှင်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ (၁၄၈,၁၅၀) ဦးရှိပြီး မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ခြင်း၊ တောင်းဆိုခြင်း၊ ကန့်ကွက်ခြင်းများကို မဲစာရင်းထုတ်ပြန်ကြေညာသည့် ၁၄ ရက်အတွင်း ပြင်ဆင်ဖြည့်စွက်နိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ရုံးမှ သိရသည်။
အေးအေးသီ(ပြန်/ဆက်)