မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူးရုံးသို့ လှိုင်ဝတီ​ကျော်ဆန် ပွဲရုံ မှဆန်အိတ်(၅၀)အိတ်နှင့် ဆီ ၅၀ကျပ်သား(၂၄၀)ဘူး လာရောက်လှူဒါန်း

မြောက်ဥက္ကလာပ အောက်တိုဘာ   ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အုပ်ချုပ် ရေးမှူးရုံးသို့ လှိုင်ဝတီ​ကျော်ဆန်ပွဲရုံမှဆန်အိတ်များနှင့် ဆီ ၅၀ကျပ်သား ဘူးများကို ယနေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့သို့ လှူဒါန်းရာတွင် ဦးရဲမြင့်နိုင်၊ ဒေါ်မိုးသီတာ(လှိုင်ဝတီ​ကျော်ဆန်ပွဲရုံ) မိသားစုမှ ကိုဗစ်-၁၉ ကာလအတွင်း စာဝတ်နေရေးအဆင်မပြေသည် အိမ်ထောင်စုများအား လှူဒါန်း နိုင်ရန် ဆန်အိတ် (၅၀)နှင့် ဆီ ၅၀ကျပ်သား (၂၄၀)ဘူးကို ပေးအပ်ရာ ရွှေပေါက်ကံမြို့သစ် အုပ်ချုပ်ရေးမှူး ဦးသောင်းလွင် က လက်ခံရယူခဲ့ကြောင်းသိရသည်။

အဆိုပါအလှူရှင်မှလှူဒါန်းသည့် ဆန်နှင့်ဆီများကို ရပ်ကွက်အတွင်းရှိ အမှန်တကယ် စားဝတ် နေရေး အခက်အခဲဖြစ်နေသည့် မိသားစုများကို ရွှေပေါက်ကံမြို့သစ် အုပ်ချုပ် ရေးအဖွဲ့ဝင် များက လိုက်လံလှူဒါန်းပေး သွားမည် ဖြစ်ကြောင်းသိရသည် ။

မြမြဝင်း(ပြန်/ဆက်)