ကျိုက်မရော ဧပြီ ၂၆
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး လူတိုင်းသစ်ပင်စိုက်ပျိုးပေးခေါင်းစဥ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုဆွေးနွေးကာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးညွှန့်ရွှေက ပတ်ဝန်းကျင်စိန်းလမ်းစိုပြေရေး လူတိုင်းသစ်ပင်စိုက်ပျိုးပေး ခေါင်းစဥ်ဖြင့် ဆွေးနွေးရာ၌ ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ မြန်မာနိုင်ငံ၏ သစ်တောကြိုးဝိုင်းဧရိယာအကျယ်အဝန်းမှာလည်း တစ်ဖြေးဖြေးလျော့နည်းလာကာ သစ်တောများပြုန်းတီးမှုဖြစ်ခဲ့ကြောင်း၊ သစ်ပင်တွေကို လူတွေက လောင်စာအဖြစ်အသုံးချနေသဖြင့် သစ်ပင်များရှားပါးကာ အပူချိန်မြင့်တက်လာရခြင်းဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အပူဒဏ်ကာကွယ်ရေးအတွက် ပြည်သူများက သစ်ပင်များကိုတန်ဖိုးထားကာ အရိပ်လည်းရ၊ ကုသိုလ်လည်းရ၍ လူတိုင်းသစ်ပင်စိုက်ပျိူးရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးခဲ့သည်။
ကျိုက်မရောမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ ဗဟုသုတတိုးပွားစေရန်ရည်ရည်၍ လစဥ်စာဖတ်ဝိုင်းများ၊ အသင်းအဖွဲ့များစုပေါင်း၍ သင်တန်းများပြုလုပ်ခြင်း ဆွေးနွေးပွဲများ ပြုလုပ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ပြုလုပ်သော Talk Show ဆွေးနွေးပွဲကို We Love Kyaikmaraw Facebook page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)