ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၃ ခုနှစ် နွေရာသီအခြေခံ‌ရေကူးအားကစားနည်းသင်တန်းဖွင့်လှစ်

ဒဂုံမြောက် ဧပြီ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံ‌ရေကူးအားကစားနည်းသင်တန်းကို အမှတ်(၁၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ အပြည်ပြည်ဆိုင်ရာ ရေကူးကန်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်၊ ဘက်စုံထူးချွန်ထက်မြက်သော လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရန်၊  မြို့နယ်အတွင်း မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား သိရှိနားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်‌ကြောင်းသိရသည်။

အဆိုပါနွေရာသီ အခြေခံ‌ရေကူးအားကစားနည်းသင်တန်းအား နည်းပြဆရာ(၁၀)ဦးဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ (၀)ဦး တို့ဖြင့် ဧပြီ ၂၀ ရက်နေ့မှစ၍ တစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မြင့်မြင့်ရီ