ဇေယျာသီရိ ဧပြီ ၂၆
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ခုဖြစ်သည့် GIS နည်းပညာကိုအသုံးပြုပြီး သန်းခေါင်စာရင်းယူနစ်များ (Gensus Units)နှင့် စာရင်းကောက်ကွက် မြေပုံများဖွဲ့စည်းခြင်းလုပ်ငန်း ဇေယျာသီရိမြို့နယ်၌ ဆောင်ရွက်နေမှုအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ယနေ့နံနက်ပိုင်းက လာရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ဇေယျာသီရိမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် အောင်ဇေယျ၊ ပြည်စံအောင်နှင့် ပုပ္ပါးကုန်းရပ် ကွက်များအား ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနရုံး၌ အခြေပြု၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လင်းလင်းမာက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ် မြို့နယ်ဦးစီးမှူးနှင့် တိုက်နယ်မှူးများ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)