မိုင်းတုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ ရွေ့လျားစာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

မိုင်းတုံ ဧပြီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ဝန်ထမ်းများက စာကြည့်တိုက်သို့  မလာနိုင်သည့် စာ‌ပေချစ်သူ၊ စာဖတ် ပရိတ်သတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေယုံမက မှတ်စုစာအုပ်တွင် မှတ်သားသင့်သည်များကို မှတ်သားထားခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ဖိုးရှိသည့် စာပေများအဖြစ် အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း (၁၂၅) အုပ်ကို သယ်ဆောင်ကာ၊ ကော်မရှင်ရုံး၊ ‌မြို့နယ် ဥပဒေရုံးနှင့် မြို့နယ်တရားရုံးများသို့ သွားရောက်၍ စာပေချစ်သူ၊ စာဖတ် ပရိတ်သတ်များထံသို့  ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ပြီး စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ ကြောင်း ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းတစ်ဦးထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်၊(မိုင်းတုံ၊ပြန်/ဆက်)