လားရှိုး ဧပြီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက် (၈) နာရီအချိန်က ပန်းခင်းစီမံအချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပြီးစီးသော ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့၊ မုံးစီးဒေသရှိ မန်တပ်ကျေးရွာအုပ်စု၊ နမ့်တောင်းကျေးရွာအုပ်စု၊ ဟိုအက်ကျေးရွာ အုပ်စု၊ ကျိန်ဟုန် ပြိန်းခံကျေးရွာအုပ်စု၊ မုံးစီးကျေးရွာအုပ်စု၊ ဘန်ကောကျေးရွာအုပ်စု(၆)အုပ်စု ဒေသခံပြည်သူ(၇၆၈)ဦး၊ အိမ်ထောင်စု(၃၂)စု၊ ကွတ်ခိုင်၊ တာမိုးညဲဒေသရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိသူ မုန်းဝန်းတိုင်းရင်းသား(၂၄၆) ဦး၊ စုစုပေါင်း(၁၀၁၄)ဦးတို့အတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများကိုယ်စား ပြည်သူတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက e-ID software ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းရေးသွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်( ပြန်/ဆက်)