မန်ကန် ဧပြီ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်၊ မန်ပန်ကျေးရွာတွင် နွားများမွေးမြူခြင်းဖြင့် မိသားစုတစ်ပိုင်တစ်နိုင် အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ထိုသို့ မွေးမြူရာတွင် မက်မန်းမြို့နယ် ၊မန်ပန်ကျေးရွာတွင် နေထိုင်သူ ဦးညှောက်ကျန်းမိသားစုသည် ဒေသထွက်နွားအကောင်(၅၀)ကို မွေးမြူထားခြင်းဖြင့် မိသားစုပညာရေး၊ ကျန်းမာရေးနှင့် စားဝတ် နေရေးကို ကောင်းစွာဖြေရှင်းနိုင်ကြောင်းလည်း သိရသည်။ မန်ကန်မြို့နယ်အတွင်းရှိ ဒေသခံများသည် ရွေ့ပြောင်းစိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထား၍ ဆောင်ရွက်ခြင်းဖြင့်ရာ ဒေသနွားများမွေးမြူခြင်းဖြင့်လည်း မိသားစုစားဝတ်နေရေးကို အဆင်ပြေစွာဆောင်ရွက်လျက်ရှိသည်။ မန်ပန်ကျေးရွာတွင် နေထိုင်သူ ဦးညှောက်ကျန်းမိသားစုအနေဖြင့် ဒေသနွားအကောင်ရေ(၅၀)မွေးမြူထားရာ အရွယ် ရောက်သော နွားတစ်ကောင်လျှင် ငွေကျပ်(၁၆)သိန်း အထိ ရောင်းချရကြောင်း၊ မွေးမြူထားသော နွားများကို မက်မိုင်ဆိုင်နှင့် ပန်ဆန်းမြို့များက လာရောက်ဝယ်ယူ ကြကြောင်း၊ နွားမွေးမြူရာတွင် လွှတ်ကျောင်းစနစ်ဖြင့်ထားခြင်းကြောင့် အစာကျွေးမွေးစရိတ်ကုန်မှုလည်း မရှိကြောင်း၊ နွားများကို ဆားရေများတိုက်ကျွေးခြင်းဖြင့် နွားများ၏ ကျန်းမာရေးကိုလည်းကောင်းမွန်စေ ကြောင်းလည်း သိရသည်။ ဦးညှောက်ကျန်းမိသားစုသည် နှစ်စဉ်နွားမွေးမြူ ရောင်းချခြင်းဖြင့် ငွေကျပ် သိန်း(၈၀) ကျော် ရရှိကြောင်းလည်း သိရသည်။
အေးကပ်(ပြန်/ဆက်)