နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ လောကပါလအသင်းမှ ငွန်ဆိုင်းကျေးရွာ မီးဘေးသင့် အိမ်ထောင်စုများအား သွားရောက်ထောက်ပံ့

နမ့်ဆန် ဧပြီ ၂၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ လောကပါလအသင်းမှ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု၊ ငွန်ဆိုင်းကျေးရွာ မီးဘေးသင့်အိမ်ခြေ (၄) အိမ်မှ အိမ်ထောင်စု (၅) စုအား ယနေ့နံနက် (၉) နာရီအချိန်က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးရာတွင် မီးဘေးသင့်အိမ်ထောင်စုတစ်စုလျှင် ငွေသား (၂၀၀၀၀) ကျပ်နှင့် ဆန်၊ ဆီ ၊ ဆား၊ ငါးခြောက်၊ အသားတု၊ ကုလားပဲ၊ ကြက်ဥ၊ အိုးခွက်ပန်းကန်၊ ချိုင့်နှင့် အဝတ်အထည်များ ထောက်ပံ့ကူညီပေးခဲ့ကြောင်းသိရသည်။ ထို့နောက် လောကပါလအသင်းနာယက ဦးကျားတီမှ မီးဘေးသင့်ပြည်သူ များအား ပစ္စည်းဆုံးရှုံးရသော်လည်း စိတ်ဓာတ်အဆုံးရှုံးမခံဘဲ အားတင်း၍ ပြန်လည်ထူထောင်နိုင်အောင်ကြိုးစားရန် အားပေးစကားပြောကြားခဲ့ပြီး၊ ထောက်ပံ့ ပစ္စည်း ပေးဝေမှုအပြီးတွင် ဝိုင်းဝန်းအားပေးကြကာ ငွန်ဆိုင်းနှင့် လွယ်ခမ်းကျေးရွာ ပြည်သူများကလည်း တညီတညွတ်တည်း ဝိုင်းဝန်းရှင်းလင်း သိမ်းဆည်းပေး ကြကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)