ရသေ့တောင် ဧပြီ ၂၆
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် နွေရာသီရေခမ်းခြောက်မှု ပြဿနာများကြောင်း မြို့ပေါ်နေပြည်သူများ သောက်သုံးရေ အခက်အခဲများ ကြုံတွေနေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်မှ ကြီးမှူး၍ မြို့နယ်မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်နေပြည်သူများ သောက်ရေ၊ သုံးရေ ရရှိရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ရေစုကန်များတွင်ရေဖြန့်ဝေပေးလျက်ရှိသည်။
ရသေ့တောင်မြို့နယ် မိုးရာသီတွင် မိုးရာသီ မိုးရေချိန် ပြည့်မီအောင် မရရှိခဲ့သဖြင့် ယခုလို ရေမလုံမလောက်မှုဖြစ်ပေါ်ရခြင်းဖြစ်ပြီး၊ ပြည်တွင်းနေရပ်စွန့်ခွာသူ လူဦးရေများ တိုးပွားလာမှုကြောင်း ရေမလုံလောက်ခြင်း ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မြို့ပေါ်အလှူရှင်တချို့မှလည်း ဘုန်းတော်ကြီးကျောင်းများတွင် ရေလှူဒါန်းမှုများရှိကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)