ဘူးသီးတောင်မြို့၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ

ဘူးသီးတောင် ဧပြီ  ၂၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်စောမိုးက အသိပညာပေး(Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး နွေရာသီတွင် ရာသီဥတုပူပြင်းလာခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးရခြင်းများ၊ အပူဓာတ်အန္တရာယ်အကြောင်း မလိုလားအပ်သော အကျိုးဆက်များအကြောင်း အသိပညာပေးဆွေးနွေးပြီး၊ (ရုပ်/သံကျွမ်းကျင်၃) ဒေါ်ခင်ခင်အေးက အပူဒဏ်ကြောင့်သတိလစ်ခြင်း အခြေအနေများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ် အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများစသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Buthidaung နှင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page များမှ လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)