ကွမ်းလုံ ဧပြီ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့ရှိ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က စာအုပ်စာပေချစ်မြတ်နိုးသူများအဖွဲ့မှ ဒို့ကျေးရွာဂျာနယ်အတွဲ (၂၀) အမှတ် (၈) ပါ စာရေးဆရာချစ်နိုင် ရေးသားထားသည့် မအအောင်လို့ပါ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းအား ပြုလုပ်ခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဦးဆောင်ဆွေးနွေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက မအအောင်လို့ပါခေါင်း စဉ်အောက်တွင်ပါရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ မိမိတို့ ထင်မြင်ချက်များ၊ ယူဆချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွမ်းလုံမြို့နယ်ရုံးသည် စာအုပ်စာပေ ချစ်မြတ်နိုးသူနှင့် စာဖတ်ပရိသတ်များတိုးပွားလာစေရန်၊ မိဘပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစွာ ရရှိစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများ၊ ပြပွဲ/ပြိုင်ပွဲများနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
စိုင်းနိုင်လင်း