မိုင်းတုံ ဧပြီ ၂၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်မိုင်းတုံမြို့နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိူးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်မိုးနှင့် တာ၀န်ရှိသူများသည် ယနေ့နံနက်ပိုင်းက မြို့မမွေတော်ဘုန်းကြီးကျောင်းရှိ သံဃာတော်များအတွက် ဆန်၁၂အိတ်၊ ဆီ (၃) ဖာ၊ ကုလားပဲ (၇) ပိဿာ၊ ဆား (၅) တွဲ၊ ဆေးများ ဆက်ကပ်လှူဒါန်းကြသည်။
နယ်စပ်ရေးရာ၀န်ကြီးဌာနအနေဖြင့် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်အခက်အခဲ မရှိစေရေး ဆန် (၁၀) အိတ်၊ ဆီဖာကြီး (၃) ဖာ၊ ဆား (၂) တွဲ၊ ကုလားပဲ (၇) ပိဿာ အမယ်လေးမျိုးတို့ကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်