နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး (၃၈) ကြိမ်မြောက်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ဖြေဆိုနေမှု အခြေအနေများအားကြည့်ရှု

ပျဉ်းမနား ဧပြီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနဗိမာန်၌ ကျင်းပသော ၂၀၂၃ ခုနှစ်၊ (၃၈)ကြိမ်မြောက်၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ပထမနေ့ (ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ) ဖြေဆိုနေမှုများအား နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌မောင်မောင်သန်း၊ အဖွဲ့ဝင်ရဲမှူး သိန်းဝင်းထွန်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့သည်။

၂၀၂၃ ခုနှစ်၊ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ဝင်ရောက်‌ဖြေဆိုသူများအား မြို့နယ်သံဃနာယကဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော် ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်ကြသည်။

အဆိုပါ ၂၀၂၃ ခုနှစ်၊ (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ဧပြီလ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယနေ့တွင် (ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ) ကို ဝင်ရောက်ဖြေဆိုသူ သာမဏေ ၂၁ ပါး၊ သီလရှင် ၄၀ပါး၊ လူပုဂ္ဂိုလ် ကျား ၉၀ ဦး၊ မ ၁၁၉ ဦး စုစုပေါင်း စာဖြေသာမဏေနှင့်သီလရှင် ၆၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၀၉ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)