လမ်းမတော်မြို့နယ်၊ အ.ထ.က(၁) Quarantine Center သို့ ရေသန့်ကဒ် ၅၀၀နှင့် PPEဝတ်စုံ လာရောက်လှူဒါန်း

လမ်းမတော် အောက်တိုဘာ  ၄

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဖွင့်လှစ်ဆောင်ရွက်ထားရှိသည့် ရန်ကုန် အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အထက(၁)ကျောင်းရှိCommunity Base Facility Quarantine Center  သို့ ယနေ့ နံနက်ပိုင်းက ရေသန့်ကဒ်(၅၀၀)၊ PPEဝတ်စုံ(၃)စုံ၊Mask ၁ထုပ်ကိုလာရောက် လှူဒါန်းကြသည်။

ထိုသို့ လှူဒါန်းရာတွင် Alpineမှ ရေသန့်ကဒ် ၅၀၀၊We Love Yangon-Lanmadaw မှ PPEဝတ်စုံ(၃)စုံနှင့်Mask  ၁ထုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး-ကော်  မတီ မှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်  (ပြန်/ဆက်)