သထုံမြို့နယ်၌ အမျိုးသမီးအသင်းအဖွဲ့ (Women Club) ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

သထုံ ဧပြီ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူအသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဝါသနာတူသူများ စုပေါင်းကာ အမျိုးသမီးအသင်းအဖွဲ့ (Women Club) ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက်က သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲသည်။

အခမ်းအနားတွင် ရှေးဦးစွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက Woman Club ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် ယခင်ဖွဲ့စည်းထားရှိခဲ့မှုအခြေအနေများ၊ အသစ်ပြန်လည်ဖွဲ့စည်းကာ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်များတို့ကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသူတို့က ၎င်းတို့၏အမြင်များနှင့် လိုအပ်သည်တို့ကို ဖြည့်စွက် ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် အမျိုးသမီးများက အသင်းအဖွဲ့၏ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အမှုဆောင်တို့ကို ဆန္ဒပြုရွေးချယ် ခန့်အပ်ပေးကြပြီး ရွေးချယ်ခံ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်အားလုံးတို့က Women Club အဖွဲ့၏ လစဉ်ဆောင်ရွက်ကြမည့် လုပ်ငန်းများကို လျာထားအတည်ပြုခဲ့ကြသည်။

အဆိုပါ အမျိုးသမီးအသင်းအဖွဲ့ (Women Club)ကို သထုံမြို့ပေါ်ရပ်ကွက်(၅)ခုတို့မှ စိတ်ပါဝင်စားသည့် အမျိုးသမီး စုစုပေါင်း(၁၄)ဦးတို့ဖြင့် ကနဦးဖွဲ့စည်းထားပြီး အသင်းအဖွဲ့အနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းကာ အမျိုးသမီးများဘဝမြှင့်တင်ရေး အိမ်တွင်းသက်မွေးလုပ်ငန်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)