နမ့်ဆန် ဧပြီ ၂၅
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ၊ မိဘပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာအုပ်များကို ဌားရမ်းပေးလျက်ရှိရာ နေ့စဉ်စာကြည့်တိုက်တွင် လာရောက်ဌားရမ်းဖတ်ရှုသူ များပြားလျက်ရှိကြောင်း သိရသည်။
စာကြည့်တိုက်တွင် စာအုပ်လာရောက်ဌားရမ်းသော ကျောင်းသား/သူများကို တစ်ဦးလျှင်(၃)အုပ်နှုန်း ဌားရမ်းပေးသည့်အပြင် အသိပညာ ဗဟုသုတ တိုးပွားစေရန် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူခေါက်ခြင်းများနှင့် ဟောပြောပွဲများကိုလည်း လစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)