နမ့်ဆန်မြို့နယ်တွင် မွေးဖွားသည့် ကလေးငယ်များအား မွေးလက်မှတ်ထုတ်ပေးခြင်းနှင့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

နမ့်ဆန် ဧပြီ ၂၄

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက် (၆)ရပ်ကွက်နှင့် ကျေးရွာအသီးသီးတို့တွင် မွေးဖွားသော ကလေးသူငယ်များကို မွေးစာရင်းများထုတ်ပေးခြင်း၊ အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း၊ ကိုယ်အလေးချိန်ခြင်း၊ မွေးစာရင်း မရသေးသူများကို မွေးစာရင်းထုတ်ပေးခြင်းများကို မြို့ပေါ်(၆)ရပ်ကွက်မှ ကလေးငယ် (၃၀)ဦး၊ မန်ပန်ကျေးရွာမှ (၂၁)ဦး၊ တောင်ကျော်ကျေးရွာမှ (၁၇)ဦး၊ ကယားကြီးကျေးရွာမှ (၁၉)ဦး၊ ကွမ်ဟယ်ကျေးရွာမှ (၂၇)ဦး၊ အခြားကျေးရွာများမှ (၄၈)ဦးဖြစ်ပြီး စုစုပေါင်း အသက် (၂)လမှ (၂)နှစ်အောက်ကလေးငယ် (၁၆၂)ဦးအား  ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။

မိခင်နှင့်ကလေး ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းကို ရုံးပိတ်ရက်မရှိဘဲ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ ပုံမှန် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာကြူထံမှ သိရှိရသည်။

နမ့်ဆန်ဒေသ (ပြန်/ဆက်)