သပိတ်ကျင်း ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ (၇)မိုင်ကျေးရွာအုပ်စု၊ (၇)မိုင်ကျေးရွာ ချမ်းသာကြီး ကျောင်းတိုက်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလ၌ ယဉ်ကျေးလိမ္မာသော လူငယ်များ ဖြစ်လာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယဥ်ကျေးလိမ္မာ၊ လောကနီတိ၊ မြန်မာစာ (ဇာတ်တော်ကြီးများ) သင်တန်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက (၇)မိုင်ကျေးရွာအုပ်စု၊ (၇)မိုင်ကျေးရွာ ချမ်းသာကြီးကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ (၇)မိုင်ကျေးရွာချမ်းသာကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောဝိဒနှင့် ကျောင်းတိုက်ရှိသံဃာတော်များ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းသား၊ သင်တန်းသူ(၃၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းပို့ချမည့်ဆရာတော်များမှ နေ့စဥ်နံနက်(၉)နာရီမှ (၁၂)နာရီ၊ အထိနေ့လည် (၁)နာရီမှ (၃)နာရီအထိ (၂၄-၄-၂၀၂၃)နေ့မှ (၂၄-၅-၂၀၂၃)နေ့အထိ တစ်လကြာ သင်တန်းဖွင့်လှစ်ပိုချသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။
သင်တန်းကာလအတွင်း သင်တန်းသား၊သင်တန်းသူများအတွက် အာဟာရဒါနနှင့် သောက်သုံးရေသန့်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာအုပ်စုအတွင်းရှိ အလှူရှင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး မိသားစုများမှ ကုသိုလ်ယူ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)