ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

ကျောက်တံတား ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အပူဒဏ် ကာကွယ်ရေးအသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြကြည်က ယခုအခါ အပူချိန်မြင့်တက်နေသည့်အတွက်ပြည်သူများ အပူဒဏ် ကာကွယ်ရန်အတွက် အပူဒဏ် ကာကွယ်ရေးနှိုးဆော်ချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရန်အချက်များစသည်ဖြင့် ဆွေးနွေးခဲ့ပြီး ရုပ်သံကျွမ်းကျင်-၃ ဒေါ်သူဇာလွင်က သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်အန္တရာယ်အား အထူး သတိပြုရမည့်သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါရှိသူများ၊ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ စိတ်ကျန်းမာရေးချို့ယွင်းသူများ၊ ကာယလုပ်သားများ၊ အဝလွန်သူများ၊ အားကစားသမားများ၊ အရက်သေစာ၊ မူးယစ်ဆေးသုံးစွဲသူများအနေဖြင့် အထူးဂရုပြုနေထိုင်ကြရန်စသည်ဖြင့် ဆွေးနွေးခဲ့ပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တံတားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်အတွက် အသိပညာပေး ဆွေးနွေးပွဲများ၊ ပုံပြင်၊ ကဗျာရွတ်အစီအစဉ်များနှင့် အခြားအသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ် ပညာ့အလင်းခေတ်မီ စာကြည့်တိုက် Facebook page မှ လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)