ဒေါပုံမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)မှ  စာဖတ်ဝိုင်းကျင်းပဆောင်ရွက်

ရန်ကုန် ဧပြီ ၂၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ စာပေကို ပိုမိုလေ့လာဖတ်ရှုလာစေရန်နှင့် ဖတ်ရှုပြီးသည့် စာအုပ်စာပေများအား ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ထွန်းလာနိုင်စေရန်အတွက် ယနေ့န့နက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက်စာဖတ်ဝိုင်းကို စာရေးဆရာ ကျော်ကျော်လှိုင်၏ ပျော်ရွှင်ခြင်းစာအုပ်ဖြင့် ဆွေးနွေးခဲ့ရာ ဦးဆောင် ဆွေးနွေးသူအဖြစ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အေးက ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများက စာအုပ်အပေါ် ဖတ်ရှုထားသည့် ရှုထောင့်ပေါင်းစုံမှ အမြင်အသီးသီးကို မျှဝေကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)