မိုင်းပန် ဧပြီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ရုံးတွင်းဝန်ထမ်း(၅)ဦးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က ရုံးဝန်ထမ်းများ ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ရုံးလုပ်ငန်းလက်စွဲစာအုပ် အခန်း(၁၄)ပါ လုပ်ငန်းစီမံချက်ရေးသားနည်းခေါင်းစဉ်ဖြင့် ရုံးအတွင်းရှိ ဝန်ထမ်းများ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)