မိုင်းဆတ် ဧပြီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဥ်က ပြည်သူများအနေဖြင့် နေအပူရှိန် မြှင့်တက်နေချိန်တွင် မဖြစ်မနေ အိမ်အပြင်ထွက်ရပါက အပူဒဏ်ကာကွယ်နိုင်ရန် ထီး၊ ဦးထုပ်ဆောင်းခြင်းနှင့် အင်္ကျီလက်ရှည် ဝတ်ဆင်ကြရန်၊ ရေများများသောက်ကြရန်၊ အေးမြ၍ အရိပ်ကောင်းသော နေရာတွင် နေထိုင်ကြရန်၊ အရည်ရွှမ်းသည့် အသီးအနှံများ စားသုံးကြရန် စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများဗဟုသုတရရှိစေရန် စာအုပ်စာပေများ ငှားရမ်းပေးခြင်းနှင့် Talk Show များ ပြုလုပ်၍ Online မှတဆင့် လွှင့်တင်ပြီး အသိပညာပေးလုပ်ငန်းများ လစဥ် စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)