ကျိုင်းလပ်မြို့၌ မြေစိုက်နံရံကပ်ပြဘုတ် ပြသ

ကျိုင်းလပ် ဧပြီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် မြေစိုက်နံရံကပ်ပြဘုတ် ဓာတ်ပုံပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်၌ ခင်းကျင်းပြသခဲ့သည်။

အဆိုပါရုံးရှိ နံရံကပ်ပြဘုတ်တွင် မူးယစ်‌ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ကျန်းမာ‌ရေးအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် နံရံကပ်ဘုတ်များတွင် ထည့်သွင်းဖော်ပြထားပြီး မြို့အတွင်းရှိ  လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ  လာရောက်ကြည့်ရှုကြောင်း သိရသည်။

မေဇင်ဦး ပြန်/ဆက်