စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

 

စဉ့်ကိုင် ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍  ယမန်နေ့ မွန်းလွဲ(၃)နာရီက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ  အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို   လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

​ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ   ဒေါ်ဝင်းဝင်းသန်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ    အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့် ကလေးငယ်များလုပ်သော အလုပ်နှင့်ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အလုပ်များအကြောင်း၊ ကလေးငယ်များအတွက်  အန္တရာယ်ရှိနိုင်သည့် အလုပ်ငန်းခွင်များနှင့် ခေါင်းပုံဖြတ်  အမြတ်ထုတ်ခံရမည့်  အလုပ်များ၊ကလေးငယ်များ၏   ရုပ်ပိုင်းဆိုင်ရာ၊  စိတ်ပိုင်းဆိုင်ရာ  လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုအကြောင်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာရှေ့နေဦးဝင်းကြည်က ကလေးသူငယ်အခွင့်အရေး၊  ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ၊ ကလေးငယ်များကို ကာကွယ်စောင့်​ရှောက်ထားသည့်နည်းလမ်းများ၊   ဥပဒေများကိုအသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြ ကြောင်း သိရသည်။

 ဝင်းဝင်းသန်း(စဉ့်ကိုင်)