မုဒုံမြို့နယ်တွင် ခွေးရူးပြန်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး talk show ကျင်းပ

မုဒုံ ဧပြီ ၂၅

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်မုဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်မျိုးဆန်းက ခွေးရူးရောဂါအကြောင်းနှင့် ကူးစက်ခံရနိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါကူးစက်ခံရမှု အန္တရာယ်ရှိသောသူများအကြောင်း၊ ၎င်းရောဂါကို ခွဲခြားသိနိုင်မည့် အကြောင်းအရာများ၊ ရောဂါလက္ခဏာများအကြောင်းနှင့် လူတွင်ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများ၊ လူတိုင်းတွင် ခွေးရူးရောဂါ ကာကွယ်ဆေး မဖြစ်မနေထိုးရမည့် အခြေအနေများနှင့် ကာကွယ်ဆေးထိုးနှံထားပါက ရာနှုန်းပြည့် ကာကွယ်နိုင်ကြောင်း၊ မိမိ၏အိမ်မွေးခွေး/ကြောင်ကို ခွေးရူးရောဂါမှ ကြိုတင် ကာကွယ်ရမည့် အကြောင်းအရာတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)