မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မိုင်းခုတ် ဧပြီ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဉီး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် သူများအား အမှတ်တရဆုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနရှိ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှုရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ဇင်မီမီထွန်း(ပြန်/ဆက်)