နွေရာသီသောက်ရေခက်ခဲသော ဒလမြို့နယ်သို့ သောက်ရေများ သွားရောက်လှူဒါန်း

အလုံ  ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ကြီးလေးကြီးလူမှုကူညီရေးအသင်းသည် နွေရာသီကာလသောက်သုံးရေအခက်အခဲရှိသော ဒလမြို့နယ်နေပြည်သူများထံသို့ သောက်ရေများကို  ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် အလှူရှင်များမှလှူဒါန်းသည် ကားတစ်စီးလျှင် သောက်ရေ ၁၆၀၀ ဂါလံဆန့် ရေကား()စီးအား ဒလမြို့နယ်၊ ကမာကသွယ်ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ မဟာသုမနရာမကျောင်းတိုက်၊ ကျန်စစ်သားရပ်ကွက်၊ ယောမင်းကြီးလမ်း၊ ယောမင်းကြီးလမ်းအလယ်၊ သာယာအေးလမ်း၊ ရာဇကုမ္မာလမ်း၊ ရာဇကုမ္မာလမ်းအလယ်တို့တွင် နေထိုင်ကြသော ပြည်သူများထံသို့  သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

စေတနာရှင်အလှူရှင်များအနေဖြင့် သောက်ရေများလှူဒါန်းလိုပါက သောက်ရေ ၁၆၀၀ ဂါလံဆန့် ရေကားတစ်စီးလျှင် ၇၀,၀၀၀/-ကျပ်ဖြင့် ကြီးလေးကြီးလူမှုကူညီရေးအသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)