အလုံမြို့နယ်၌ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး

 အလုံ   ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဂိုဏ်းပေါင်းစုံသံဃာတော်အပါး(၁၁၁၁၁)ပါး ဗုဒ္ဓါဘိသေကအနေကဇာတင်မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲသို့ကြွရောက်မည့် သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်းလမ်းရှိ ကွင်းကျောင်းပရိယတ္တိစာသင်တိုက်တွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ မြို့နယ်ကြက်ခြေနီအဖွဲ့တို့နှင့်ပူးပေါင်းကာ  သံဃာတော်များအား သွေးတိုးနှင့်ဆီးချို ရောဂါစစ်ဆေးကုသပေးခြင်းနှင့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထပ်ဆောင်းထိုးနှံပေးခဲ့ရာ  ပထမအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ၁၁ ပါး၊ ဒုတိယအကြိမ်ထပ်ဆောင်းကာကွယ်ဆေး ၁၃ ပါး၊  တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေး ၂ ပါး စုစုပေါင်းသံဃာတော် ၂၆ ပါးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)