မြစ်ကြီးနား ဧပြီ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးရှိ မနောရွှေပြည်ခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ အဂတိလိုက်စားမှု မရှိစေရန် ရည်ရွယ်၍ ဧပြီလ ၂၄ ရက် မွန်းလွဲ ၂ နာရီက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ကချင်ပြည်နယ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့၊ (CPU) အဖွဲ့ခေါင်းဆောင် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ Video Clip ပြသခဲ့သည်။
ထို့နောက် ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ (CPU)အဖွဲ့ခေါင်းဆောင်မှ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ ဆိုးကျိုးများ၊ အဂိတိလိုက်စားမှု ဖြစ်ပေါ်ရသော အကြောင်းအရင်းများ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပြီး ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်၊ ပြည်နယ်ဥပဒေအရာရှိ ဦးကပ်တလွန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)