ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးရှေ့တွင် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲပြသ ဆောင်ရွက်

ပန်ဆိုင်း ဧပြီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား နွေဦးပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြသဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲနည်းများဖြစ်သော ညပိုင်းအိပ်စက်နေချိန်တွင် မလိုအပ်သော လျှပ်စစ်မီးသုံးစွဲမှုများကို ပိတ်ထားသင့်ကြောင်း၊ မိမိတို့ တစ်အိမ်လုံး မည်သူမျှမရှိသည့်အချိန်၊ အပြင်သွားသည့်အချိန်တွင် အိမ်တွင်းလျှပ်စစ်မီးများအားလုံးကို  မီးခလုတ်ပိတ်ခဲ့ရန်လိုအပ်ကြောင်း၊ လက်တလော အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ ပလပ်ခေါင်းများကို မမေ့မလျော့ ဖြုတ်ထားကြရန်၊ မိမိနေအိမ်များရှိ လျှပ်စစ်သုံး မြက်ပင်ရေဖြန်းစက်များနှင့်‌ ရေမော်တာစက်များကို လိုအပ်သလောက်သာ သုံးစွဲကြရန်နှင့် မိမိတို့ မြို့နယ်/ကျေးရွာများ၏ လျှပ်စစ်ဓာတ်အားသုံး လမ်းမီးတိုင်မျာကိုလည်း နေရောင်ခြည်သုံး LED မီးစနစ်များကို အတတ်နိုင်ဆုံး ပြောင်းလဲအသုံးပြုကြရန် ဒေသခံပြည်သူများအား လျှပ်စစ်ပစ္စည်းများ လိုအပ်သည်ထက် ပိုမိုသုံးစွဲ၍ ဖြစ်ပေါ်တတ်သော လျှပ်စစ်ဝါယာရှော့မီးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပြီး မီတာခသက်သာရေးအတွက် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲကြစေရန် အသိပညာပေးပြသခဲ့ရာ ဒေသခံပြည်သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

ပန်ဆိုင်း(ပြန်/ဆက်)