မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “ကျား/မ အခြေပြု အကြမ်းဖက်မှုအသိပညာပေး” ဆွေးနွေးပွဲ ဆောင်ရွက်

မန်တုံ ဧပြီ ၂၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “ကျား/မ အခြေပြု အကြမ်းဖက်မှု အသိပညာပေး” ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် ရပ်ရွာလူထုကြား အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ အကြမ်းဖက်သူ၏ လိုအပ်ချက်များကို သိရှိစေရန်၊ ရပ်ရွာလူထုမှ အကြမ်းဖက်ခံရသူအား လိုက်နာရမည့်လမ်းညွှန်ချက်များနှင့်အညီ ကောင်းမွန်သော နည်းလမ်းများဖြင့် ကူညီပံ့ပိုးပေးရန်၊ အကြမ်းဖက်မှုကို ကိုယ်တိုင်သတိထား ရှောင်ကြဉ်ပြီး အသိပညာဗဟုသုတများကို ရပ်ရွာလူထုကြား အချင်းချင်းပြန်လည်မျှဝေစေရန်၊ ဆွေးနွေးပွဲမှ ရရှိသည့် အသိပညာဖြင့် အမျိုးသမီးများအနေဖြင့် မိမိကိုယ်တိုင် အကြမ်းဖက်မှုကိုသိရှိပြီး မိမိပတ်ဝန်ကျင်း၌ အသုံးချတတ်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို အမျိုးသမီးအဖွဲ့ဉက္ကဋ္ဌ ဒေါ်မာဘောက်က အကြမ်းဖက်မှုမှ ရရှိသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ၊ မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေး အစရှိသည့် အကြောင်းအရာများအား မြို့မအမျိုးသမီးများနှင့် အပြန်အလှန် မေးခွန်းများ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မန်တုံ