ခိုလမ် ဧပြီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ယနေ့ မွန်းလွဲပိုင်း(၂:၃၀)နာရီအချိန်က ခိုလမ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနရုံး သို့သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရခြင်းမှာ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်ခြင်းတွင် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များအား စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ပြီး အပတ်စဥ် စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)