ဇေယျာသီရိမြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်

ဇေယျာသီရိ ဧပြီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ရိုက်ကူး ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။    

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုရရှိစေရန် online မှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိရာ ယနေ့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်က္ကသိုလ်)တို့က မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်ထားရှိမှု၊ စိုက်ပျိုးမှု၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုနှင့် ကလေးသူငယ်များအား အသုံးချ၍ ရောင်းဝယ်မှုပြုလုပ်မှုများတွင် ချမှတ်ခံရသည့် ပြစ်မှုပြစ်ဒဏ်များနှင့် အရေးယူဆောင်ရွက်နိုင်သည့် အခြေအနေများအား အသိပညာပေး ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ထုတ် လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)