ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ဆောင်ရွက်

ကျောက်မဲ ဧပြီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝန်ထမ်းများ လုပ်ရည်ကိုင်ရည်များ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က ဝန်ထမ်းတစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၁၂)ပါးကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းများကလည်း ဝန်ထမ်းအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၅)ပါး စသည့်ခေါင်းစဥ်များဖြင့် အသီးသီး ဖတ်ကြားပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ရုံးဝန်ထမ်းများက တစ်လလျှင် နှစ်ကြိမ်နှုန်း  လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)