လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယမန်နေ့ညနေက လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦ ၅၀ လုံး အမိုးလန်ပျက်စီးခြင်းများဖြစ်ပွား

လယ်ဝေး ဧပြီ ၂၄

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယမန်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်များ အမိုးလန်ခြင်း၊ ပြိုလဲခြင်း၊ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ဥသျှစ်လှိုင်းအုပ်စု၊ ​ပေပင်ကျေးရွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်း အမိုးလန်ခြင်း၊ နေအိမ်တစ်လုံးပြိုလဲ၍ ၃၉ လုံး အမိုးလန်ခြင်း၊ စာသင်ကျောင်း အဆောက်အဦ ဘေးနံရံပျက်စီးခြင်း၊ ၄ ခန်းတွဲအိမ်သာ အမိုးလန်ခြင်း၊ အောင်မင်္ဂလာကျေးရွာတွင်​ ဓမ္မာရုံ အမိုးလန်ခြင်း၊ စာသင်ကျောင်းအမိုးလန်ခြင်း၊ ထိန်တော ကျေးရွာတွင် နေအိမ် ၃ လုံး အမိုးလန်​ခြင်း၊ ချင်ပြစ်ရွာတွင် နေအိမ်တစ်လုံး အမိုးလန်၍ တစ်အိမ်ပြိုလဲခြင်း၊ လယ်တာ​ကြီးအုပ်စု၊ ချောင်းမငယ်ကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ခြင်းများဖြစ်ပွားခဲ့သည်။ ယမန်နေ့ညနေက လေပြင်းတိုက်ခတ်မှုကြောင့် လယ်ဝေး မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်း စသည့် အဆောက်အဦ စုစုပေါင်း (၅၀) ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)