ကျိုက်မရော ဧပြီ ၂၄
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ ခြံကုန်းကျေးရွာမှ ယိုးဒယားကြက်မောက်သီးများ စတင်ထွက်ရှိကာ ပေါ် ဦးပေါ်ဖျားစျေးကောင်းရရှိ၍ အခြားသောမြို့ကြီးများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောခြံကုန်းကြက်မောက်သီးဆိုရင် ယိုးဒယားကိုင်းဆက်မျိုးဖြစ်သည့်အတွက် အစေ့ကျွတ်ပြီး အရသာမှာလည်းချိုမြကာ နှစ်စဥ်ဧပြီလ ဒုတိယအပတ်တွင် စတင်ထွက်ရှိပြီးပေါ်ကာစဖြစ်၍ စျေးကောင်းရရှိပြီး အလုံးတစ်ရာပါတစ်တွဲကို တစ်သောင်းခွဲကျပ်ထိ ဖောက်သည်ပေးရကြောင်း၊ ခြံကုန်းရွာရှိကြက်မောက်ခြံပိုင်ရှင်များက တစ်နှစ်ပါတ်လုံးဂရုစိုက်၍ ရေသွင်းကာ စနစ်တကျစိုက်ပျိုးလာကြသဖြင့် အထွက်နှုန်းလည်းတိုးကာ စျေးကောင်းလည်းရသဖြင့် ကြက်မောက်သီး စီးပွားဖြစ်စိုက်ပျိုးသူခြံရှင်များ ဝင်ငွေကောင်းပြီး မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ခြံကုန်းကျေးရွာမှ ကြက်မောက်သီးစီးပွားဖြစ်စိုက်ပျိုးရောင်းချသူ ကုန်သည်ဦးကျော်ကျော်ထံမှသိရပြီး ဧပြီလအလယ်မှစတင်ကာကြက်မောက်သီးများကို ကုန်သည်များ စတင်အဝယ်လိုက်နေပြီး ရန်ကုန်သို့ ကားများဖြင့် စတင်တင်ပို့ရောင်းချလျက်ရှိနေကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)