ညောင်ဦးမြို့နယ်၌ သောက်ရေလိုအပ်လျက်ရှိသော ကျေးရွာ(၇)ရွာသို့ သောက်ရေသန့် ဂါလံ ၃၅,၀၀၀ ဖြန့်ဝေလှူဒါန်း

ညောင်ဦး  ဧပြီ  ၂၄

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေမလုံလောက်မှုဖြစ်ပေါ်နိုင်သည့် ကျေးရွာ (၇) ရွာသို့ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်ရေသန့်စင်ကားဖြင့် တစ်ရက်လျှင် ရေဂါလံ ၅၀၀၀ ကို ဧပြီလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အပူပိုင်းဇုန်ကျေးလက်ရေရရှိရေး စီမံကိန်းရုံးမှရေဂါလံ (၂၅၀၀) ဆံ့ရေသယ်ယာဉ်နှင့် ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ အထောက်အကူပြု ရေသယ်ယာဉ် ရေဂါလံ (၂၅၀၀)ဆံ့ဖြင့် ဧရာဝတီမြစ်မှရေကိုသယ်ဆောင်ကာ သောက်ရေသန့်စင်ကား အသုံးပြု၍ သောက်ရေသန့်များဖြန့်ဝေလှူဒါန်းခြင်းဖြစ်ပြီး ညောင်ပင်ကန်ကျေးရွာ၊ မကျီးစောက်ကျေးရွာ၊ ငါ့ပိုင်ကျေးရွာ၊ ကူတောကျေးရွာ၊ ဘုန်းတော်ကျေးရွာ၊ မြက်ခတောကျေးရွာ၊ ဝါခင်းကြီးကျေးရွာတို့ကို  သောက်ရေသန့်များလှူဒါန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့တွင် ငါ့မင်းမေးကျေးရွာအုပ်စု၊ ငါ့ပိုင်ကျေးရွာရှိ အိမ်ခြေ(၁၆၅)၊ အိမ်ထောင်စု(၁၇)၊ လူဦးရေ (၈၂၅)ဦးအတွက် သောက်ရေ သန့်ဂါလံ (၅၀၀၀) ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီဦးက ပြောသည်။

ဒီပါလင်း