ကွတ်ခိုင် ဧပြီ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နွေရာသီအပူဒဏ် အန္တရာယ်ကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀:၃၀)အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကွတ်ခိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဆိုင်းမိုင်က ပြည်သူများအနေဖြင့် ယခုအခါ နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓါတ်ဆားဓါတ်များ ဆုံးရှုံးမှုပိုမိုများပြားလာပြီး အပူဒဏ် အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။
ထို့ကြောင့် အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များဖြစ်သော အရိပ်ရ၍ အေးမြသောနေရာများတွင်သာနေပါ၊ မိမိ၏အသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန်လက်၊ လည်ပင်းနှင့် ပုခုံးတို့ကိုပါလုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ပါ၊ နေ့ခင်းနေ့လည်အပြင်သွားပါက ထီး၊ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ဆင်ပါ၊ ရေများများသောက်ပါ စသည့်အချက်များ၊ ရှောင်ကြဉ်ရ မည့်အချက်များနှင့် အရေးပေါ်ရှေးဦးပြုစုသည့် နည်းလမ်းများကို အကျယ်ဝင့် ဟောပြောခဲ့ကြောင်းသိရသည်။ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အပူဒဏ်အန္တရာယ်ကာကွယ်ရေး နည်းလမ်းများကို တက်နိုင်သမျှ လိုက်နာဆောင်ရွက်ကြရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)